1. ယခုဖော်ပြပါ မျက်စိစမ်းသပ်မှုများနှင့်ရလဒ်အဖြေများသည် လမ်းညွှန်ချက်များအပေါ်လူနာများ၏ မှန်ကန်စွာ လိုက်နာမှု ၊ ပတ်ဝန်းကျင်အလင်းရောင်အခြေအနေနှင့်လူနာအသုံးပြုသောလက်ကိုင်ဖုန်း (သို့မဟုတ်) ကွန်ပျူတာတို့၏အခြေအနေအပေါ် များစွာမူတည်ပါသည်၊၊
  2. ဤ Online မျက်စိစမ်းသပ်စစ်ဆေးမှုများသည် မျက်စိဆေးခန်းများတွင်ကိုယ်တိုင်သွားရောက်စစ်ဆေးခြင်းနှင့် တူညီသော တိကျသောအဖြေများမရရှိနိုင်သည်ကိုကြိုတင်အသိပေးအပ်ပါသည်။ လိုအပ်ပါက မျက်စိ ဆေးရုံ/ဆေးခန်းသို့ လူကိုယ်တိုင်သွားရောက်၍ မျက်စိဆရာဝန်နှင့် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ကာ ရောဂါရှာဖွေကုသမှုခံရမည် ဖြစ်ပါသည် ။
  3. ဤ Online မျက်စိ စမ်းသပ်စစ်ဆေးမှုများသည် လူနာများ၏မျက်စိ အခြေအနေကိုအရေးပေါ်ကုသရန်လိုအပ်သည် ၊ မလိုအပ်သည် ကိုခွဲခြားရန် နှင့် ယခု Covid-19 ရောဂါ ပြန့်ပွားနေချိန်တွင် အပြင်သို့ထွက်၍ ကုသမှုမယူနိုင်သော လူနာများအတွက် တစ်ဖက်တစ်လမ်းမှ အကူအညီရစေရန် ရည်ရွယ်ပါသည်။ သို့ဖြစ်ပါ၍ အရေးပေါ်ကုသမှုမလိုသည့် ရောဂါများအတွက် အသုံးဝင်နိုင်သော်လည်း အရေးပေါ်ရောဂါများနှင့် ရှုပ်ထွေးသည့် မျက်စိ ရောဂါများအတွက်မူ ဤ Online စစ်ဆေးမှုသည် ရာနှုန်းပြည့် အသုံးဝင်မည် မဟုတ်ပါ ။
  4. သို့ဖြစ်ပါ၍ လူနာ၏မျက်စိ အခြေအနေသည် အရေးပေါ်ကုသရန် လိုအပ်လာပါက နီးစပ်ရာ မျက်စိဆေးခန်း (သို့မဟုတ်) ဆေးရုံသို့သွားရောက် ပြသရပါမည်။

လူကြီးမင်းတို့၏ မျက်စိ​ရောဂါများကို Myanmar Eye Centre တွင် ကျွမ်းကျင်​သောဆရာဝန်များနှင့် ပညာရှင်များမှ
အ​ကောင်းမွန်ဆုံး ​ဆွေး​နွေးတိုင်ပင်ကုသ​ပေးလျက်ရှိပါသည်။

ရက်ချိန်းရယူရန်