မျက်စိအမြင်လွှာတွင်ဖြစ်ပေါ်သောရောဂါများကို ခွဲစိတ်ကုသပေးခြင်း

ကျွန်ုပ်တို့ဆေးခန်းတွင် အမြင်လွှာပြဲခြင်းနှင့် အမြင်လွှာကွာခြင်း၊ ဆီးချိုကြောင့် မျက်စိအတွင်း သွေးယိုခြင်းနှင့် အမြင်လွှာကွာခြင်း၊ အမြင်လွှာရှိ အနုစိတ်ကြည့်သည့်နေရာတွင် အပေါက်ဖြစ်ခြင်း၊ အမြင်လွှာတွင် အမြှေးပါးဖုံးခြင်း၊ မျက်စိအတွင်းရှိ ဂျယ်လီအရည်ရုန်းခြင်းကြောင့် အမြင်လွှာတွင်ဖြစ်ပေါ် တတ်သော ရောဂါများအား လိုအပ်လျှင် ခွဲစိတ်ကုသပေးခြင်း စသည့်ဝန်ဆောင်မှုများကိုပြုလုပ်ပေး လျက်ရှိ ပါသည်။

ခွဲစိတ်ကုသပေးရာတွင် မျက်စိအတွင်းရှိ ဂျယ်လီထုတ်၍ ခွဲစိတ်ခြင်း၊ မျက်စိအပြင်မှ ဆီလီကွန်ခါး ပတ်ဖြင့်ဖိ၍ အမြင်လွှာပြန်ကပ်ခြင်း စသည့်အဆင့်မှီနည်းလမ်းများဖြင့် ရောဂါအခြေအနေအလိုက် ခွဲစိတ် ကုသမှုပေးနေပါသည်။

ထို့အပြင် ခွဲစိတ်ခန်းသုံးလေဆာစက်များ၊မြင်ကွင်းကျယ်မြင်နိုင်သော စက်ကိရိယာများ၊ မျက်စိ အမြင်လွှာ ခွဲစိတ်ရာတွင် အသုံးပြုသော ဓာတ်ငွေ့(gas ) ၊ ဆီလီကွန်အဆီ၊ အရည်များ(Heavy Liquid) အစရှိသောပစ္စည်းများဖြင့် တက်ကျွမ်းသော မျက်စိဆရာဝန်များမှ ခွဲစိတ်ကုသပေးလျက်ရှိပါသည်။

လူကြီးမင်းတို့၏ မျက်စိ​ရောဂါများကို Myanmar Eye Centre တွင် ကျွမ်းကျင်​သောဆရာဝန်များနှင့် ပညာရှင်များမှ
အ​ကောင်းမွန်ဆုံး ​ဆွေး​နွေးတိုင်ပင်ကုသ​ပေးလျက်ရှိပါသည်။

ရက်ချိန်းရယူရန်