Sep 18, 2020
မျက်စိအမြင်လွှာ၌ အမြှေးပါးဖုံးခြင်း ဆိုသည်မှာ မျက်စိအမြင်လွှာရှိ အဏုစိတ်ကြည့်သောနေရာ ( Macula ) ၌ အမြှေးပါးဖုံးခြင်း ဖြစ်သည်။ ၎င်းရောဂါသည် အဖြစ်များလေ့ရှိသော ရောဂါဖြစ်ပြီး အသက်ကြီးသော သူများတွင် အခြားအကြောင်းအရာများမရှိပဲ ဖြစ်ပွားလေ့ရှိသည်။ ထို့အပြင် အခြားသောရောဂါအခြေအနေများဖြစ်သည့် ဆီးချိုကြောင့် မျက်စိအမြင်လွှာထိခြင်း၊ မျက်စိအမြင်လွှာရှိ သွေးကြောပိတ်ခြင်း၊ မျက်စိအမြင်လွှာဆွေးခြင်း၊ မျက်စိအားထိခိုက်ဒဏ်ရာ ရရှိခြင်း၊ အစရှိသော ရောဂါများကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။
...